ရန်ကုန် မြို့တွင်ကျင်းပမည့် အားကစား နည်းခြောက်မျိုးနှင့် ဘောလုံးအုပ်စု ပွဲစဉ်များအတွက် သယ်ယူပို့ဆောင် ရေးအစီအစဉ်များ ရေးဆွဲနေ ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့မှသိရသည်။
(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် အားကစားနည်း၃၃ မျိုးကျင်းပမည်ဖြစ်ကာ နေပြည် တော်တွင် အားကစားနည်း၂၅မျိုး၊ ရန်ကုန်မြို့တွင်ခြောက်မျိုး၊ မန္တ လေးမြို့တွင် အမျိုးသမီးဘောလုံး ပြိုင်ပွဲနှင့် ငွေဆောင်ကမ်းခြေတွင် ရွက်လှေပြိုင်ပွဲ ကျင်းပမည်ဖြစ် သည်။သို့ဖြစ်ရာ ရန်ကုန်မြို့တွင် ကျင်းပမည့် အားကစားနည်းများ အတွက်သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ”ပြိုင်ပွဲကျင်းပမယ့် နေရာတွေမှာ တက္ကစီတွေထားပေး ဖို့လျာထားတယ်။ ဒါကို ကုမ္ပဏီ သုံးခုကနေပြီး Volunteer လုပ်ပေး မယ်ဆိုပြီး ကမ်းလှမ်းထားတယ်။ လိုင်းကားတွေလဲ ပြေးဆွဲပေးမယ်” ဟု ပြောသည်။
ယင်းအပြင် ဆီးဂိမ်းကာလ တွင် နေပြည်တော်-ရန်ကုန်ကား လိုင်းကို လက်ရှိယာဉ်လိုင်းကိုးလိုင်း အပြင် ယာဉ်လိုင်းသုံးလိုင်းမှ ကား ၂၂စီးထပ်မံပြေးဆွဲရန်နှင့် ရန်ကုန် မြို့၌ကျင်းပမည့် ဘောလုံးပွဲအုပ်စု ပွဲစဉ်အတွက် တက္ကစီအစီးရေ ၄၀၊ နပန်းနှင့် ကမ်ပိုပြိုင်ပွဲကျင်းပမည့် သုဝဏ္ဏအမျိုးသားအားကစားရုံ တွင် တက္ကစီ၂၀၊ ဟော်ကီနှင့် အ လေးမအားကစားနည်းကျင်းပ မည့် သိမ်ဖြူဟော်ကီကွင်းနှင့်အား ကစားရုံတွင် အစီး၂၀ သေနတ် ပစ်ပြိုင်ပွဲကျင်းပမည့် မြောက်ဒဂုံ သေနတ်ပစ်အားကစားရုံတွင် အစီး ရေ ၂၅စီး၊ ကာယဗလပြိုင်ပွဲကျင်းပ မည့် မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)တွင် အစီး၂၀ ထားရှိရန် လျာထားပြီး ရန်ကုန်မြို့မှ ပရိသတ် များအတွက်မူ ယင်းနေရာများသို့ လက်ရှိပြေးဆွဲပေးနေသည့် ယာဉ် လိုင်းများကိုသာ ပြေးဆွဲမည်ဖြစ် သည်။
Yangon Media Group
0 comments:
Post a Comment