August 17, 2013

Saturday, August 17, 2013

ပြည်သူ့ နစ်နာမှုများ တိုင်ကြားရန် ဖုန်းများကို ရဲတပ်ဖွဲ့မှူး ရုံးများတွင် တပ်ဆင်ထားပြီး ၂၄ နာရီ ဖြေရှင်းပေး

ပြည်သူများ၏ နစ်နာမှုများ တိုင်ကြားရန် တယ်လီဖုန်းများကို ရဲတပ်ဖွဲ့မှူး ရုံးများတွင် တပ်ဆင်ထားပြီး ၂၄ နာရီ ဖြေရှင်းပေးလျက် ရှိကြောင်း သိရသည်။

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ပေးပို့တင်ပြလာသည့် အကြံပြုစာများအပေါ် ပြည်ထဲရေး ဝန်ကြီးဌာန၏ အရေးယူဆောင်ရွက် ချက်များကို ပြည်သူများ သိရှိစေရန် ထုတ်ပြန်ကြေညာခြင်းအရ သိရှိရခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းများ မမှန်မကန် ဆောင်ရွက်ခြင်း၊ လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုလုပ်ခြင်း၊ အဂတိလိုက်စားခြင်းနှင့် ပတ်သက်သည့် နစ်နာချက်များအပေါ် ပြည်သူများက နေပြည်တော်ရှိ ဖုန်းအမှတ်များသို့ တိုင်ကြားရာတွင် ရိုင်းစိုင်းစွာ ပြောဆိုခြင်းနှင့် ဖုန်းအမှတ် ၁၉၉ သည်လည်း မည်သည့်အချိန်တွင် ဆက်သွယ်သည်ဖြစ်စေ၊ အဆင်ပြေမှု မရှိပါကြောင်း အကြံပြုချက်နှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြန်လည်ရှင်းလင်း တင်ပြရာတွင် အထက်ပါ အချက်ကို ထည့်သွင်းဖော်ပြ ထားခြင်းဖြစ်သည်။

ပြည်သူများ၏ နစ်နာမှုများ တိုင်ကြားရန် တယ်လီဖုန်းများကို ၁၁.၂.၂၀၁၃ ရက်မှစ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တွင် တယ်လီဖုန်း ၂ လုံး၊ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရုံးအပါအဝင်၊ ကျန်တိုင်းဒေသကြီး/
ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးများတွင်လည်း တစ်လုံးစီ တပ်ဆင်၍ ဖြေရှင်းပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တွင် တပ်ဆင်ထားရှိသည့် ပြည်သူများမှ တိုင်ကြားရန် တယ်လီဖုန်း အမှတ် ၀၆၇- ၄၁၂၂၂၂ နှင့် ၀၆၇-၄၁၂၄၄၄ တို့တွင် တာဝန်ခံအရာရှိ ဒုရဲမှူးဦးစီး အဖွဲ့နှစ်ဖွဲ့ဖြင့် အဆိုင်းခွဲ၍ တာဝန်ချထား ဆောင်ရွက်လျက်ရှိကြောင်း အရာရှိများ ကိုယ်တိုင်ပြည်သူများ၏ တိုင်ကြားချက်များအား လက်ခံရေးမှတ်ယူခြင်း၊ သိရှိလို၍ စုံစမ်းမေးမြန်းမှုများနှင့် ရဲလုပ်ငန်းနှင့် ဥပဒေရေးရာ ဆိုင်ရာအကြံဉာဏ် တောင်းခံမေး မြန်းမှုများကိုလည်း ရှင်းပြကူညီ ဖြေကြားဆောင်ရွက် ပေးလျက်ရှိကြောင်း၊
ဆောင်ရွက်မှုများကို နေ့စဉ် မှတ်ပုံတင်မှတ်တမ်း နှင့် အသံမှတ်တမ်း ဖိုင်များအား စနစ်တကျ ထားရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်သို့ တယ်လီဖုန်းဖြင့် တိုင်ကြားလာသည့် တိုင်ကြားချက်များအား ရဲချုပ်ထံ တင်ပြ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ စီမံရေးနှင့် လေ့ကျင့်ရေး ဌာနမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/
ပြည်နယ် ရဲတပ်ဖွဲ့မှူး များထံသို့ တိုက်ရိုက်ပေးပို့ စိစစ်ဖြေရှင်း ပြန်ကြားတင်ပြစေလျက် ရှိကြောင်း လက်ရှိထိ တိုင်ကြားချက်ပေါင်း ၂၅၉ စောင်အနက် ဖြေရှင်းပြီး ၁၇၃ စောင်၊ ဖြေရှင်း ဆောင်ရွက်ဆဲ ၈၆ စောင် ဆောင်ရွက်လျက်ရှိပြီး Hot Line ၁၉၉ တယ်လီဖုန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးများသို့ ညွှန်ကြားချက်များ ထုတ်ပြန်ကြပ်မတ် ဆောင် ရွက်လျက်ရှိကြောင်း၊ ပြည်သူများ၏ တိုင်ကြားချက်များကိုလည်း မှတ်ပုံတင် မှတ်တမ်းရေးသွင်းထားသည့် အပြင်အသံဖိုင် မှတ်တမ်းများထားရှိ၍ ဆောင်ရွက်လျက် ရှိကြောင်း ပြည်သူ့ဝန်ဆောင်မှု့ လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့က ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

internet journal

0 comments:

Post a Comment