August 3, 2013

Saturday, August 03, 2013

ဗြိတိန်နိုင်ငံသား ဂျာမိန်မက်ဒေါ်နယ်ဆိုသူသည် ကနေဒါနိုင်ငံ တစ်ဝန်း မိုင် ၅၀၀၀ ကျော် အကွာအဝေးကို ကာတွန်း စူပါဟီးရိုး the flash ၀တ်စုံဝတ် ဆင်ကာ တစ်ကိုယ်တည်းပြေးပြခဲ့သည်။ ဂျာမိန်းမက်ဒေါ်နယ်သည် မည်သည့် အဖွဲ့အစည်းအကူအညီမှမပါဘဲ ကနေဒါနိုင်ငံကို ၂၇၅ ရက် ကြာ ဖြတ်
ကျော်ပြေးလွှားပြခဲ့သည်။

၎င်းသည် တစ်နေ့လျှင် မာရသွန်ပြိုင်ပွဲတစ်ခုကဲ့သို့ ပြေးလွှားခဲ့သော် လည်း မော ပန်းနွမ်းနယ်ခြင်းမရှိဘဲ
ပို၍ လန်းဆန်းတက်ကြွလာခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ဂျာမိန်းမက်ဒေါ်နယ်သည် ငယ်စဉ်က အာရုံကြောဆိုင်ရာရောဂါဝေဒနာ တစ်ခု အပြင်းအထန် ခံစားခဲ့ရသော်လည်း ကမ္ဘာ့စံချိန်တင် စက်ဘီးစီးပြခြင်း အပါအ၀င် ထူးဆန်းအံ့သြဖွယ်များကို ပြုလုပ်ပြသခဲ့သည်။

၎င်းသည် ပြီးခဲ့သည့်နှစ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အင်္ဂလန် အရှေ့တောင်ပိုင်း ဘလော်စကာ ဆိပ်ကမ်းမြို့အထိ မိုင် ၁၄၀၀၀ ခရီးကို
၂၆၅ ရက်ကြာ မရပ်မနားစက်ဘီးစီးပြပြီး ကမ္ဘာ့စံချိန် တင်ထားခဲ့သည်။

Credit: နေခရမ်း ပြည်မြန်မာ

0 comments:

Post a Comment