August 15, 2013

Thursday, August 15, 2013


Wednesday, August 14, 2013
အပြီးမသတ်ရသေးသည့် အနုပညာ တစ်ရပ်ဟူသော တင်စားမှုဖြင့် HTC One Max၏ ဓာတ်ပုံကို နည်းပညာ ဝက်ဘ်ဆိုက် တစ်ခုကို စတင် ဖြန့်ဝေလာခြင်း ဖြစ်သည်။
HTC ကုမ္ပဏီ၏ မျိုးဆက်သစ် စမတ်ဖုန်းဖြစ်သော HTC One Max၏ ဓာတ်ပုံသည် တရားဝင် စတင်မကြေညာမီ အင်တာနက်ပေါ်၌ ပျံ့နှံ့ ထွက်ပေါ်လာခဲ့သည်။ အပြီးမသတ်ရသေးသည့် အနုပညာ တစ်ရပ်ဟူသော တင်စားမှုဖြင့် HTC One Max၏ ဓာတ်ပုံကို နည်းပညာ ဝက်ဘ်ဆိုက် တစ်ခုကို စတင် ဖြန့်ဝေလာခြင်း ဖြစ်သည်။ HTCသည် အဆိုပါ စမတ်ဖုန်းသစ်ကို စက်တင်ဘာလ ပထမပတ်တွင် ကျင်းပ ပြုလုပ်မည့် IFA ကုန်သွယ်မှု ပြပွဲတွင် စတင်မိတ်ဆက်ဖွယ် ရှိနေကြောင်း သတင်းကြီးလျှက် ရှိနေသည်။
Evleaksမှ စတင်၍ ထွက်ပေါ်လာသော ဓာတ်ပုံများအရ HTC၏ ဖန်တီးမှု လက်ရာသစ်သည် ဒီဇိုင်းပိုင်းတွင် အထင်ကြီးလောက်စရာ ဆွဲဆောင်မှု ရှိနေသည်ကို တွေ့ရှိရသည်။ သို့သော်လည်း HTC One Max၏ စွမ်းဆောင် မှု အခြေအနေများကို တိတိကျကျ မသိရှိနိုင်သေးချေ။ နည်းပ ညာ ဝက်ဘ်ဆိုက်များကမူ Android OSဖြင့်ပင် လည်ပတ်ရန် သေချာသလောက် ရှိနေသော စမတ်ဖုန်းသစ်သည် (၅.၉)လက်မအရွယ် HD အရည်အသွေးရှိ Touchscreenဖြင့် ပွဲထွက်လာမည်ဟု ကောက်ချက်ချထားသည်။ CPUအတွက် Qualcomm Snapdragon 800 2.3 GHzသည် အဖြစ်နိုင်ဆုံး အခြေအနေ ရှိနေပြီး 2GB RAMပမာဏဖြင့် ထောက်ပံ့မည်ဟု ဆိုသည်။ 16 GB သိုလှောင်နိုင်စွမ်းရှိပြီး SD Slotဖြင့် သိုလှောင်မှု စွမ်းရည်ကို တိုးမြှင့်နိုင်မည်ဟုလည်း နည်းပညာ ဝက်ဘ်ဆိုက်များက ခန့်မှန်း ရေးသားနေကြသည်။
ကင်မရာမှာ နောက်ဘက်တွင် အရည်အသွေးမြင့် 4 megapixel စွမ်းဆောင်ရည်မျိုး တပ်ဆင်ပြီး ရှေ့ဘက်တွင် 2.1 megapixel ဖြစ် လိမ့်မည်ဟုလည်း သတင်းကြီးလျှက် ရှိသည်။ အဆိုပါ ဖုန်းအသစ်ကို HTC၏ သံတမန်သစ်ဖြစ်သူ ဟောလီးဝုဒ်မင်းသား ရောဘတ်ဒေါင်နီ ဂျူနီယာက စတင် မိတ်ဆက်ပေးမည်ဟုလည်း ခန့်မှန်းမှုများ ထွက်ပေါ်နေသည်။ ဘာလင်တွင် ပြုလုပ်မည့် IFA ကုန်သွယ်မှု ပြပွဲ၌ HTC၏ ပြိုင်ဘက်များဖြစ်သော Samsungနှင့် Sonyတို့ကလည်း Galaxy Note IIIနှင့် Xperia Honami စမတ်ဖုန်းသစ်များကို အသီးသီး မိတ်ဆက်လာဖွယ် ရှိနေကြောင်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment