September 19, 2013

Thursday, September 19, 2013
ရည်းစားတစ်ယောက်ကြောင့်ဒီလိုဖြစ်မယ်ဘယ်သူကကြိုပြီးသိမှာလဲ အနီးနားတောက်လျှောက်
ငါဘယ်သွားသွား သူလိုက်ချောင်းပြီးကြည့်တာ အမြဲမသိမသာလည်းမဟုတ် ကုပ်ချောင်းချောင်းနဲ့ဆိုတော့
ပိုပြီးသိသာတယ် ခြေရာခံလိုက်ကာ မျက်ဖြူစိုက်လာ ငါ့ရည်းစားကစုံထောက်ကြီးအထာနဲ့ ဟဲ့ ပြောစရာ
ဖြစ်ကုန်ပြီဟဲ့ သူ့ကိုယ်သူ ရှက်ဖို့ကောင်းတဲ့ အဖြစ်ကိုမသိဘဲ အချိန်ရှိတိုင်းရှာနေတာ ငါ့အပြစ်ကိုချည်းပဲ
အချစ်ကိုကျီစယ်ပြီး သူ့ကချစ်လို့သည့်ငနဲ အစ်အောက်တဲ့မေးခွန်းတွေ မဟားတရားသုံး အပ်ကြောင်းထပ်
သောစကားကြောင့် ငါ့နားများထုံ ဘယ်ကိစ္စမှ သူကအားအားယားယား မလုပ် သူ့ကိုယ်သူထင်နေတာ
ရှားလော့ဟုမ်း(စ်) ဟိုလိုလို ဒီလိုလို ပုံစံတွေအကုန်လုံး သိုင်းကွက်နင်း ငါ့အကြောင်းများ စုံစမ်းနည်းမျိုးစုံ
ရွှေ့လိုက်တဲ့အကွက်တိုင်းက ရှေးရှေးတုန်းကလို နည်းနည်းပါးပါး ဒီ့ထက်ပိုပြီးကြိုးစားကြည့်လိုက်ဦး

အမြဲတမ်းသူရုပ်ဖျက်ကာ ငါ့အနောက်ကို လိုက်လိုက်ကြည့်တယ် အမြဲတမ်းသူ
စိတ်မချနိုင် အနီးအနားမှာ တောက်လျှောက်ရှိတယ် အရှေ့အနောက် တောင်မြောက်
ငါ့အကြောင့်ကိုလိုက်ကာ ဖြန့်ကြက်စုံစမ်းတတ်တဲ့ သူကစုံထောက်

တစ်နေ့တာ သူရဲ့လှုပ်ရှားမှုက မိုးလင်းကတည်းကစတယ် မနက် ငါကျောင်းသွားပြီဆိုရင်လည်း
ရောက်တဲ့အျခိန်နောက်ကျသတဲ့ သူငယ်ချင်းတွေနဲ့ အပြင်သွားပြီဆိုရင်လည်း ယောကျာ်းလေးတွေများတယ်
လူကို အစ်အောက်မေးပြန်းနေပုံက ဆားပုလင်းနှင်းမောင် အလားပဲ ရုပ်ဖျက်ကာလူကြားထဲမှာ
ဂျိမ်း(စ်)ဘွန်း ဂိုက်ဖမ်းပြီးငါ့ကိုယ်လိုက် Check တာအမြဲတမ်း ငါ့မလှမ်းမကမ်းမှာ စုံထောက်လို
ပုံစံဖမ်းမြဲသာ ပုံပန်းလည်းမကျ သူကဖလန်းဖလန်းထ သရုပ်ဆောင်နေသလိုပဲ ဇာတ်ဝင်ခန်းထဲမှာ စိတ်ပျက်စရာ
မလိမ့်တစ်ပတ်များ အနောက် ကတကောက်ကောက်လိုက်နေတဲ့ ဂိုက်ပေးကြမ်းတဲ့ဆရာ ကလေးလိုလို
အေးအို အို သူ့အကျင့်တွေကြောင့် ပတ်ဝန်းကျင်မှာ ရှက်စရာအချို့ပြဿနာကိုဆက်ရှာလို့ ငါ့အပေါင်းအသင်းတွေကြားမှာ
မျက်နှာပျက်စရာမို့ စောဒကတက်လည်း အပိုပြောရခက်တဲ့အကို ဘာကိုမှသူက ဂရုမစိုက်တာဆိုး စကားနဲ့တစ်မျိုး အပြုအမူကလည်းဆိုး တကယ့် တကယ်တော့ သူကဦးစံရှားရဲ့အမျိုး

အမြဲတမ်းသူရုပ်ဖျက်ကာ ငါ့အနောက်ကို လိုက်လိုက်ကြည့်တယ် အမြဲတမ်းသူ
စိတ်မချနိုင် အနီးအနားမှာ တောက်လျှောက်ရှိတယ် အရှေ့အနောက် တောင်မြောက်
ငါ့အကြောင့်ကိုလိုက်ကာ ဖြန့်ကြက်စုံစမ်းတတ်တဲ့ သူကစုံထောက်

စိတ်တွေအမြဲ ရှုပ်ယှက်ခတ်နေရတာ အားလုံးသူ့ကြောင့်ပဲ မအိပ်မနေနဲ့ ပျာယာတွေခတ်ကာ
ဘာတွေဖြစ်နေပြန်တာလဲ စိတ်လေတယ် ဘာဆိုဘာမှမသိ ရူးကြောင်ကြောင်ငနဲ အရိပ်အခြည်
မပြတ်ပါ အနားမှာရှိနေတတ်တာတွေကဘာကြောင့်လဲ

အမြဲတမ်းသူရုပ်ဖျက်ကာ ငါ့အနောက်ကို လိုက်လိုက်ကြည့်တယ် အမြဲတမ်းသူ
စိတ်မချနိုင် အနီးအနားမှာ တောက်လျှောက်ရှိတယ် အရှေ့အနောက် တောင်မြောက်
ငါ့အကြောင့်ကိုလိုက်ကာ ဖြန့်ကြက်စုံစမ်းတတ်တဲ့ သူကစုံထောက်


DOWNLOAD mp3
http://www.mediafire.com/download.php?ykdh41n1dnc627f

0 comments:

Post a Comment