August 17, 2013

Saturday, August 17, 2013

အသံဘာသာပြန်ပေးသည့် ကုမ္ပဏီကို ဝယ်မယ့်  Facebook

Facebook(ဖေ့စ်ဘုတ်)သည် အသံဘာသာပြန် နည်းပညာပိုင်းကို အထူးပြု လုပ်ဆောင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် မိုဘိုင်းနည်းပညာများ(Mobile Technologies) ကုမ္ပဏီကို ဝယ်ယူရန်သဘောတူညီမှု ရထားပြီး ဖြစ်ကြောင်း လွှဲပြောင်း ပေးအပ်သည့် စီးပွားရေးအချက်အလက် အသေးစိပ်ကို ဖော်ပြခြင်း မရှိဘဲ ကုမ္ပဏီနှစ်ဘက်လုံးက ပြောကြားသည်။
၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်သည့် မိုဘိုင်း နည်းပညာများ ကုမ္ပဏီသည် အပြန်အလှန် အပြောစကားများ ဘာသာပြန်ပေးသည့် ဂျစ်ဘစ်ကို(Jibbigo)ဖုန်း ဆော့ဖ်ဝဲများ ထုတ်လုပ်ခြင်းကြောင့်လူသိများသည်။
“စကားပြောဆိုတာကို မှတ်သားမိခြင်းနဲ့ စက်ဖြင့်ဘာသာပြန်တဲ့ ကမ္ဘာ့ရှေ့ဆောင် နည်းပညာ နောက်ကွယ်က အရမ်းတော်တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ မိုဘိုင်းနည်းပညာများ ကုမ္ပဏီနဲ့ အရောင်းအဝယ်လုပ်ဖို့ သဘောတူမှု ရရပါပြီလို့ ကြေညာရတာ စိတ်လှုပ်ရှား မိပါတယ်”ဟု Facebook ထုတ်ကုန် စီမံခန့်ခွဲမှု ဒါရိုက်တာ တွမ်စတော့ကီက အင်တာနက်ပေါ်တွင် ရေးသားထားသည်။
“အသံနည်းပညာဟာ ဖုန်းပစ္စည်းတွေနဲ့ အင်တာနက်တွေကို စီစဉ်ညွှန်ကြားဖို့ လူတွေအတွက် တဖြည်းဖြည်း အရေးကြီးလာပါပြီ။ ဒီနည်းပညာဟာ ကျွန်တော်တို့ ထုတ်ကုန်တွေကို အဲဒီပြောင်းလဲမှုတွေနဲ့ ကိုက်ညီမှုရှိအောင် ကူညီပေးပါလိမ့်မယ်”ဟုက်လက် ပြောကြားသည်။
ကုမ္ပဏီငယ်က ပြောကြားရာတွင် ၎င်းတို့က “Facebook ကျွန်တော်တို့ကုမ္ပဏီကို ဝယ်ယူဖို့သဘောတူတယ်ဆိုတာကို ကြေညာရတာ စိတ်လှုပ်ရှားပါတယ်၊ စာချုပ်ချုပ်ပြီးရင်တော့ ကျွန်တော်တို့အများစုဟာ ကယ်လီဖိုးနီးယားက သူတို့ရုံးချုပ်ကို သွားရောက် အလုပ်လုပ်ရမှာပါ” ဟုပြောကြားသည်။
လစဉ် သုံးစွဲသူ သန်းတစ်ထောင်ကျော် ရှိနေသော်လည်း Facebook သည် လွန်ခဲ့သည့် တစ်နှစ်ကျော်က ၎င်းတို့၏ ဆိုးဝါးနေသည့် စတော့ဈေးကွက်ထဲမှ ရုန်းမထွက်နိုင်ဘဲ ရှိနေသည်။
လူသုံးများသည့် လူမှုကွန်ယက် Facebookသည် အထက်သို့ တက်သည့်နှုန်းဖြင့် သွားနေသည်ဟု ထင်မြင်ရသော်လည်း လွန်ခဲ့သည့် လအတွက် ဝင်ငွေအစီရင်ခံစာတွင် ဖုန်းဖြင့် ကြော်ညာသည့် အပိုင်းမှ ဝင်ငွေ တိုးတက်မှု အများအပြားရှိပြီး ရှယ်ယာများလည်း ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း တွေ့ရသည်။

မြန်မာ့ခေတ်

0 comments:

Post a Comment