August 17, 2013

Saturday, August 17, 2013
ခလုတ်များကို နောက်ကျောတွင် တပ်ဆင်ထားသည့် LG စမတ်ဖုန်းသစ်
		
စမတ်ဖုန်းများတွင် Screenကျယ်ကျယ် နေရာပေးသည့်အခါ ခလုတ်များအတွက်ပါ သီးခြား နေရာပေးရခြင်းကြောင့်

အရွယ်အစား ပို၍ကြီးသွားရသည်ကို LGက ယခုနည်းလမ်းဖြင့် ဖြေရှင်းလိုက်သည်။
LG ကုမ္ပဏီ အနေဖြင့် စမတ်ဖုန်းများတွင် ခလုတ်များကို ဖုန်းမျက်နှာပြင် ရှေ့ဘက်တွင် တပ်ဆင်လေ့ရှိသည့်

 သမားရိုးကျ စိတ်ကူးကို လွှင့်ပစ်လိုက်ပြီ ဖြစ်သည်။ ၎င်းတို့၏ စမတ်ဖုန်းအသစ် G2တွင် ခလုတ်များသည်

 ဖုန်း၏နောက်ဘက်သို့ ရောက်ရှိသွားခဲ့သည်။ အစဉ်အလာဟောင်းကို တော်လှန်သော စိတ်ကူးဖြင့် ဖန်တီးထားသည့် 

စမတ်ဖုန်းသည် အရွယ်အစား ကြီးမားလာလေလေ၊ ကိုင်တွယ်ထိန်းသိမ်းရန် ခက်ခဲလေလေ ဖြစ်လာတတ်သည့်

 စမတ်ဖုန်း နည်းပညာ အကျပ်အတည်းကို ဖြေရှင်းပြီး ဖြစ်သွားစေသည်။ စမတ်ဖုန်းများတွင် Screenကျယ်ကျယ်

 နေရာပေးသည့်အခါ ခလုတ်များအတွက်ပါ သီးခြား နေရာပေးရခြင်းကြောင့် အရွယ်အစား ပို၍ကြီးသွားရသည်ကို 

LGက ယခုနည်းလမ်းဖြင့် ဖြေရှင်းလိုက်သည်။
(၅.၂)လက်မအရွယ် Screenဖြင့် ပွဲထွက်လာသော G2သည် Android OSဖြင့် မောင်းနှင်မည့် စမတ်ဖုန်းဖြစ်သည်။

 ဖုန်း၏ နောက်ဘက်မှ ခလုတ်များသည် အသံအတိုးအကျယ်၊ ကင်မရာအဖွင့်အပိတ်၊ Softwareအသုံးပြုမှု

 အစရှိသည်တို့ကို လုပ်ဆောင်နိုင်စေမည် ဖြစ်သည်။ ခလုတ်များကို နောက်ဘက်ပို့လိုက်ခြင်းသည် ဖုန်း၏

 ရှေ့ဘက် ကင်မရာဖြင့် ဓာတ်ပုံရိုက်ရာတွင်လည်း ပိုမိုလွယ်ကူ သွားစေမည်ဟု LGက ဆိုသည်။

ဖုန်းရဲ့ အဓိက ခလုတ်တွေကို နောက်ဘက်ပို့လိုက်တဲ့အခါ ဖုန်းကိုင်ဆောင်သူဟာ ပိုပြီးတော့ စိတ်ကြိုက်

 ထိန်းချုပ် အသုံးပြုလာနိုင်တယ်။ ခလုတ်တွေကို လက်ညှိုးရဲ့ ရွေ့လျားပုံကို သဘာဝကျကျ အခြေခံပြီး

 တပ်ဆင်ထားပါတယ်ဟု LG၏ ဒီဇိုင်းပညာရှင် တစ်ဦးက ပြောကြားခဲ့သည်။ နောက်တစ်ချက်က ခလုတ်တွေ

 ကို နောက်မှာထားလိုက်တဲ့အခါ ဖုန်းပြောရင်း အသံအတိုးအကျယ်လုပ်လို့ ဖုန်းလွတ်ကျနိုင်ခြေကို လျော့နည်း

 သွားစေတယ်လို့ ကျွန်တော်တို့ရဲ့ သုတေသန ရလဒ်တွေက ဖော်ပြထားတယ်ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

LGသည် ယခုအခါ Huaweiကို ကျော်ဖြတ်ကာ ကမ္ဘာ့စမတ်ဖုန်း ရောင်း ချမှု ဈေးကွက်နယ်ပယ်တွင် တတိယ

 အကျယ်ပြန့်ဆုံး ပိုင်ဆိုင်သော ကုမ္ပဏီအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။ ယခုနှစ် ပထမ(၃)လအတွင်း 

LG၏ Nexus 4နှင့် Optimus အမျိုးအစား ဖုန်းများသည် ဈေးကွက် ဝယ်လိုအား တိုးပွားလာခြင်းက

 LGအတွက် အားတက်စရာ ဖြစ်လာကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment