August 25, 2013

Sunday, August 25, 2013
LG Optimus G Pro ဟန်းဆက်


မန်းဈေးကွက်ကို LG Optimus G Pro အမှတ်တံဆိပ် ဟန်းဆက်ဝင်ရောက်လာပါတယ်။ 2G, 3G, 4G ကွန်ရက်တွေမှာ သုံးစွဲနိုင်မှာဖြစ်ြပီး GSM/WCDMA လိုင်းကတ် ထည့်သွင်းအသုံးပြုရမယ်လို့ သိရပါတယ်။
Android Version 4.1.2 အသုံးပြုထားပြီး မြန်မာဖောင့်ပါဝင်လာတယ်လို့ သိရပါတယ်။ ၅.၅လက်မရှိတဲ့ True Full HD IPS Plus LCD capacitive touch screen, 16M colors စကရင်အမျိုးအစားဖြစ်ပြီး Resolution 1080x 1920 pixels ရှိတယ်လို့ သိရပါတယ်။ ဟန်းဆက်မှာ Quadcore 1.7 GHz Krait 300 CPU ကို အသုံးပြုထားပြီး RAM 2GB ပါဝင်ပါတယ်။ Flash LED မီးပါဝင်တဲ့ 13MP, 4208x 3120 pixels, autofocus ရှိတဲ့ နောက်ကင်မရာနဲ့အတူ 2.1 MP, 1080p@30f ရှေ့ကင်မရာလည်း ပါဝင်တယ်လို့ သိရပါတယ်။ 3G, Wifi, bluetooth စနစ်များလည်း အထောက်အပံ့ပေးတယ်လို့ သိရပါတယ်။ မှတ်ဉာဏ်ပမာဏ 16GB ပါဝင်လာပြီး Micro SD Card နဲ့ ထပ်မံတိုးမြှင့်နိုင်မယ်လို့ သိရပါတယ်။ အသုံးပြုလိုသူများအနေဖြင့် တစ်နှစ်အာမခံစနစ် ဈေးနှုန်း ၆၂၉၀၀၀ ဝန်းကျင်ဖြင့် AnyCall Mobile (မန္တလေး) ဖုန်း- ၀၂-၆၈၈၈၆ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

ကောင်းမြတ်ထွန်း၊ မန္တလေး IJ

0 comments:

Post a Comment